ဦးဆောင်ကော်မီတီ

    • အဖွဲ့၏ အရေးပါသည့်ဆုံးဖြတ်ချက်များအား ချမှတ်ဆောင်ရွက်ခြင်း၊
    • အဖွဲ့၏ ဦးတည်ချက်၊ ရည်မှန်းချက်များပြည့်မှီရေးအတွက် နည်းလမ်းနှင့် လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်း၊
    • ဒေသဆိုင်ရာကိုယ်စားပြု ကိုယ်စားလှယ်များနှင့် ပူပေါင်း ဆောင်ရွက်ခြင်း၊
    • ရံပုံငွေရှာဖွေရေး၊ သုံးစွဲရေးဆိုင်ရာကိစ္စရပ်များအား ကြီးကြပ် ကွပ်ကဲခြင်း၊
    • လုပ်ငန်းအစီအစဉ်များ၊ ဗြူဟာများနှင့် အချိန်ဇယားများ ချမှတ်ပေးခြင်း၊

လုပ်ငန်းအဖွဲ့ကော်မီတီများ

ရံပုံငွေရှာဖွေရေးနှင့် စည်းရုံးရေး
    • ရံပုံငွေရှာဖွေရေးအတွက် ရည်မှန်းချက်၊ အကြောင်းအရာနှင့် နည်းလမ်းများ စီစဉ် ဆောင်ရွက်ပေးခြင်း၊
    • အဖွဲ့ဝင်သစ်များ စုဆောင်း ရှာဖွေခြင်းနှင့် အဖွဲ့၏ ရည်မှန်းချက်များ ပိုမိုသိရှိလာရန် ဆောင်ရွက်ခြင်း၊
    • နိုင်ငံတကာရှိကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ရံပုံငွေရှာဖွေရေး အစီအစဉ်များ ပူးပေါင်း ဆောင်ရွက်ခြင်း၊
လုပ်ငန်း တာဝန်များ
    • အွန်လိုင်းနှင့် အွန်လိုင်းမဟုတ်သည့်နည်းလမ်းများနှင့် ရံပုံငွေရှာဖွေနိုင်ရန် နည်းလမ်းများချမှတ်ဆောင်ရွက်ခြင်း၊ ရလာသည့်ရံပုံငွေများအား စီမံ ခန့်ခွဲခြင်း၊
    • ရံပုံငွေများဘဏ်များတွင် သိမ်းဆည်းနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း၊
    • အဖွဲ့ဝင်များနှင့် ကော်မီတီဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရန် အီးမေး စသည့် ဆက်သွယ်ရေးလုပ်ငန်းများ တည်ဆောက်ပေးခြင်း၊
    • အင်တာနက်ဝက်ဆိုက်နှင့် လူမှုကွန်ရက်များ တည်ဆောက်ပေးခြင်း၊
    • အဖွဲ့အစည်း မှတ်ပုံတင်ခြင်းနှင့် အကျိုးအမြတ်မယူဘဲလုပ်ဆောင်နေသည် NGO အဖွဲ့အစည်းအဖြစ် တည်ရှိနေရေး လုပ်ဆောင်ခြင်း၊
ဘဏ္ဍာရေး
    • သင့်လျှော်သည့် နည်းပညာများအသုံးပြု၍ အဖွဲ့၏ ဝင်ငွေ၊ ထွက်ငွေအား ကြပ်မတ်ပေးခြင်း၊
    • ဦးဆောင်ကော်မီတီသို့ ဝင်ငွေ၊ ထွက်ငွေစာရင်းများ အပတ်စဉ်၊ သို့မဟုတ် လစဉ် အစီရင်ခံတင်ပြခြင်း၊
    • အဖွဲ့အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် ကြီးကြပ်ပေးခြင်း၊
သတင်း
    • စစ်အာဏာရှင်စံနစ် အမြစ်ပြတ်ချေမှုန်းရေး၊ လူထုတော်လှန်ရေးအပါအဝင် လက်ရှိ တော်လှန်းရေးနှင့်သက်ဆိုင်သော သတင်းများအား အချိန်နှင့်တပြေးညီ မြန်မာ/အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ဖော်ပြပေးသွားရန်

ပြည်တွင်းအဖွဲ့အစည်းများအား ထောက်ပံ့ပေးခြင်း

    • ပြည်တွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ဖော်ကိုင်ဘက်များအား ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများ ထောက်ပံ့ပေးရန်
    • အဖွဲ့၏ မဟာဗြူဟာနှင့် ဦးတည်ချက်များအား မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်
    • နယ်စပ်ဒေသရောက် CDM မှာ ပါဝင်လှုပ်ရှားသူများ၊ တခြား တက်ကြွလှုပ်ရှားသူများနှင့် ဆက်သွယ်ရေးခိုင်မာသည့် တည်ဆောက်ရန်
    • CDM မှာ ပါဝင်လှုပ်ရှားသူများ၊ တခြား တက်ကြွလှုပ်ရှားသူများအား ဆက်လက် ထောက်ပံ့ပေးနိုင်မည့် နည်လမ်းများ ရှာဖွေ ဆောင်ရွက်ရန်
    • SOS Burma ၏ လုပ်ငန်းများအား မိမိတို့ရောက်ရှိရာ/ကိုယ်စားပြုရာနိုင်ငံအသီးသီးတွင် ထောက်ခံမှုများလာရေး ဆောင်ရွက်ရန်
    • မိမိတို့ရောက်ရှိရာ ဒေသ/နိုင်ငံအသီးသီးတွင် ထောက်ခံသူများတိုးများလာအောင်ဆောင်ရွက်ခြင်းနှင့် ရံပုံငွေ ရှာဖွေ/ကောက်ခံရန်
နိုင်ငံအလိုက်ကိုယ်စားပြု ကိုယ်စားလှယ်များ
    • SOS Burma ၏ လုပ်ငန်းများအား မိမိတို့ရောက်ရှိရာ/ကိုယ်စားပြုရာနိုင်ငံအသီးသီးတွင် ထောက်ခံမှုများလာရေး ဆောင်ရွက်ရန်
    • မိမိတို့ရောက်ရှိရာ ဒေသ/နိုင်ငံအသီးသီးတွင် ထောက်ခံသူများတိုးများလာအောင်ဆောင်ရွက်ခြင်းနှင့် ရံပုံငွေ ရှာဖွေ/ကောက်ခံရန်
ကိုယ်စားပြုကိုယ်စားလှယ်များရှိသည့် နိုင်ငံများ
    • ကနေဒါ (အရှေ့ခြမ်း/အနောက်ခြမ်း)
    • အမေရိကန် (အရှေ့ခြမ်း/အနောက်ခြမ်း)
    • သြစတေးလျ
    • နော်ဝေး
    • အိုင်ယာလန်
    • နယူးဇီလန်
    • အိန္ဒိယ
ကော်မီတီဝင်များ၏သက်တမ်းနှင့် လုပ်ပိုင်ခွင့်များ
    • ကော်မီတီဝင်များ၏သက်တမ်းသည် (၂) နှစ်ဖြစ်သည်။ သက်တမ်းပြည့်ပြီးလျှင် ပြန်အရွေးခံပိုင်ခွင့်ရှိသည်
    • ကော်မီတီတခုချင်းစီတွင် အနည်းဆုံး အဖွဲ့ဝင် (၃) ဦးနှင့် အများဆုံး အဖွဲ့ဝင် (၅) ဦးစီ ရှိရမည်
    • ကော်မီတီတခုချင်းစီတွင် အမျိုးသမီးအဖွဲ့ဝင် အနည်းဆုံး (၁) ဦး ပါဝင်ရမည်
    • ကော်မီတီဝင်တိုင်းအား အဖွဲ့ဝင်များက လွတ်လပ်ပွင့်လင်းသည့်စံနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်
    • ကော်မီတီဝင်တဦးချင်းစီသည် (နိုင်ငံကိုယ်စားပြုကိုယ်စားပြုသူများအပါအဝင်) မတူညီသည့်ကော်မီတီ ၃ ခုတွင် (အများဆုံး)တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိသည်
    • ကော်မီတီဝင်တိုင်း လစဉ်ထောက်ပံ့ကြေး (အမေရိကန်) ဒေါ်လာ ၂၀၀ စီ ထည့်ဝင်ရမည်
    • လစဉ်ကြေးပေးသည် အဖွဲ့ဝင်များသာ ကော်မီတီဝင်ဖြစ်ခွင့်ရှိသည်
    • အဖွဲ့၏စည်းမျဉ်းစည်းကမ်းချိုးဖောက်သည့် ကော်မီတီဝင်များအား အဖွဲ့ဝင်အများစု၏မဲနှင့် တာဝန်မှ ရုပ်သိမ်းပိုင်ခွင့်ရှိသည်