ကျွန်ုပ်တို့သည် ရှစ်လေးလုံး (၈၈၈၈) မျိုးဆက် ဒီမိုကရေစီအင်အားစုများဖြစ်သည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်ရေး NUG နှင့် CRPH တို့၏ လုပ်ငန်းများအား ထောက်ခံ အားပေးသွားမည်။ ကျွန်ုပ်တို့သည် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ဦးဆောင်နေသူများ၊ ဒီမိုကရေစီရေးအတွက် မိမိအသက်ကို ပဓါနမထားဘဲ အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြသော အရေးပါသည့် စက်ရုံ အလုပ်ရုံတွေမှ ဝန်ထမ်းများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်။
မြန်မာနိုင်ငံအတွင်းတွင် ရှိနေကြသော SOS Burma ၏ မိသားစုဝင်များရဲ့လုံခြုံရေးကို ကာကွယ်ပေးသည့်အနေဖြင့် အဖွဲ့ဝင်တချို့၏ အမည်များကို ဖော်ပြခြင်းမရှိဘဲ ထိန်ချန်ထားပါသည်။
SOS Burma သည် မည်သည့်နိုင်ငံရေးပါတီ၊ အစိုးရအဖွဲ့အစည်းနှင့်မျှ ပတ်သက် ဆက်နွယ်ခြင်းမရှိပါ။