
ပင်လည်ဘူးမြို့နယ် USDP ဥက္ကဋ္ဌ သေနတ်နဲ့ ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးဝင်းသိန်းဟာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “နံနက်က လက်ဖက်ရည်သောက်ပြီး ဆိုင်အထွက်၌ အကြမ်းဖက်သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်သွားကြောင်း ကြားသိရ၍ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည် ” လို့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ဦးဝင်းသိန်း အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း ဘယ်သူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တယ် ဆိုတာတော့ Read More