ကနီမြို့မှ မီးဘေးသင့် စစ်ရှောင်ပြည်သူများအား SOS Burma အဖွဲ့၏ ကူညီမှု

ကနီမြို့မှ မီးဘေးသင့် စစ်ရှောင်ပြည်သူများအားအတွက် ဆေး၀ါးပစ္စည်းများ SOS Burma အဖွဲ့မှ ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။ မိမိတို့အဖွဲ့အနေဖြင့် အနာဂတ်တွင်လည်း ဒီထက်မက ပိုမိုလှူဒါန်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်လျှက် ရှိပါသည်။​ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့်လည်း နိုင်ငံအတွင်းမှ ဘေးဒုက္ခသင့်နေသည့် ပြည်သူများ၊ CDM ၀န်ထမ်းများအား SOS Burma အဖွဲ့မှတဆင့် လှူဒါန်းနိုင်ကြပါသည်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် SOS Burma အဖွဲ့၏ ကူညီ ထောက်ပံ့မှု

မကွေးတိုင်း၊​ ရေစကြိုမြို့နယ်အတွင်း၌ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်နေရသော စစ်ဘေးရှောင် ပြည်သူများနှင့် မီးဘေးသင့် ပြည်သူများအား SOS Burma အဖွဲ့မှ အမေရိကန်ဒေါ်လာ ၅၀၀ ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။ မိမိတို့အဖွဲ့အနေဖြင့် အနာဂတ်တွင်လည်း ဒီထက်မက ပိုမိုလှူဒါန်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။​ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့်လည်း နိုင်ငံအတွင်းမှ ဘေးဒုက္ခသင့်နေသည့် ပြည်သူများ၊ CDM ၀န်ထမ်းများအား SOS Burma အဖွဲ့မှတဆင့် လှူဒါန်းနိုင်ကြပါသည်။

အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး

By ဧရာဝတီ 5 February 2022 အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့သည် ၎င်းတို့ရုံးထိုင်ရာ နေပြည်တော်နှင့် သိပ်မဝေးလှသည့် လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုများ ပြင်းထန်နေသော ကယားပြည်နယ်သို့ အပူတပြင်းခရီးထွက်ခဲ့သည်။ ၎င်းတို့သည် ဖေဖော်ဝါရီလ ၃ ရက်တွင် တပ်မြို့ဟု ဒေသခံများခေါ်ဝေါ်ကြသည့် ဘော်လခဲသို့ ရဟတ်ယာဉ်ဖြင့် ရောက်လာပြီး နောက်တရက်ဖြစ်သည့် ဖေဖော်ဝါရီလ ၄ ရက်တွင် ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်သို့ ပြန်လာသည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံဆန့်ကျင်ရာတွင် Read More

စစ်အာဏာရှင်တော်လှန်ရေး ရည်မှန်းချက်တူသူအားလုံး ပူးပေါင်းဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

စစ်အာဏာရှင်ကို တော်လှန်ရာမှာ ရည်မှန်းချက်တူသူတွေ အားလုံးနဲ့ ပူးပေါင်းသွားဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သလို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း ပံ့ပိုးရမယ်လို့ ပြောပါတယ်။ တချိန်တည်းမှာတော့ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာမှာ အရပ်သားထိခိုက်တာတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။ KIO/KIA ရဲ့ ၆၁ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို Read More

ပုလဲမြို့နယ်မှာ အိမ်ခြေ ၇ဝဝ ခန့် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က လှော်ကားရွာနဲ့ ကိုင်းတွင်းရွာမှာ ဖေဖော်ဝါရီ ၄ ရက် မနေ့က နေအိမ် အလုံးပေါင်း ၇ဝဝ နီးပါး မီးရှို့ခံလိုက်ရပါတယ်။ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေ လှော်ကားရွာနဲ့ ကိုင်းတွင်းရွာထဲ ရောက်လာတဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးရသလို တချို့ လည်း ရွာအနီးမှာ ပုန်းကွယ်ရင်း ရွာထဲက အခြေအနေကို စောင့်ကြည့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိတဲ့ လှော်ကားရွာမှာ အိမ် ၅ဝဝ ခန့် မီးလောင်ခဲ့ပြီး Read More

KIA/KIO နဲ့ ပူးပေါင်းဖို့အသင့်ရှိကြောင်း မဟာမိတ်သုံးဖွဲ့ဆို

လက်ရှိပြည်တွင်းရေး အခြေအနေအရ ကချင်လွတ်လပ်ရေး တပ်မတော် (KIA\KIO) နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ AA ရက္ခိုင့်တပ်တော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နဲ့ TNLA တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က ကြေညာလိုက်ပါတယ်။ ၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ AA၊ MNDAA နဲ့ TNLA ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့သဘောထားကို ကြေညာချက်ထုတ်ပြန်ပြီး ဖော်ပြလိုက်တာပါ။ အရင်က KIA\KIO နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ နိုင်ငံရေးပြဿနာတွေ၊ စစ်ရေးကဏ္ဍ Read More

AA နဲ့ စစ်ကောင်စီ ၁နာရီကြာတိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မီးတပ်ကျေးရွာရဲ့ အရှေ့မြောက်ဖက်မှာ ရခိုင့်တပ်တော် ULA/ AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၄ ရက်နေ့က ၁ နာရီနီးပါးကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA တပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုပြောပါတယ်။ ခမရ ၃၅၂ စစ်ကြောင်း ၁ က ရခိုင့်တပ်တော် အခြေပြုနေရာကိုဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင့်တပ်တော် AA ရဲ့ ကင်းစောင့် တပ်သားတစ်ဦးကျဆုံးခဲ့ရသလို မြန်မာစစ်တပ်ဘက်က ကျဆုံးမှုတွေကိုတော့ အတိအကျမသိရသေးဘူးလို့ Read More

စစ်ကောင်စီကို အာဆီယံ အစည်းအဝေးမဖိတ်ရေး အင်ဒိုနီးရှားထောက်ခံ

အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားက ထောက်ခံကြောင်း ပြောလိုက်ပါတယ်။ ဒီလထဲကျင်းပဖို့ စီစဉ်ထားတဲ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမှာ မဟုတ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အာမခံခဲ့တယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Teuku Faizasyah က ဗွီအိုအေကို ပြောပါတယ်။ အစည်းဝေးအတွက် မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေပဲ လာရောက်ဖို့ရှိတယ်လို့ သူတို့ကရှင်းရှင်းလင်းလင်း ပြောပါတယ်။ ဒါကြောင့် Read More

စစ်ကောင်စီထိုးစစ်အတွင်း ပုလဲဒေသ ထိခိုက်ပျက်စီးမှုတွေနဲ့ကြုံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လုယက်တာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် စစ်ကောင်စီက ငြင်းဆန်ထားပေမဲ့လည်း ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖျက်ဆီးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်မိုးကျော်ကပြောပြပါမယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာ ၁ လလောက် ရှိလာနေပြီဖြစ်တဲ့ ပုလဲမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖျက်ဆီးမှုတွေ ကျုးလွန်နေတယ်လို့ Read More

စစ်ကောင်စီပြင်နေတဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ

အင်တာနက်ဆက်သွယ်ရေးကို ကန့်သတ်၊ တားဆီးတဲ့အပြင် အရေးယူဖို့ လုပ်လာတာတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာသာမက နည်းပညာနဲ့ သတင်းအချက်အလက် ရရှိရေးပေါ် အခြေခံတဲ့ တိုင်းပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း ရေရှည်မှာ ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုရန်နိုင် ပြောပြပါမယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေ့စ်ဘုတ်အသုံးပြုတာနဲ့ အင်တာနက် ဆက်သွယ်ရေးကို ကန့််သတ် ပိတ်ပင်ထားတာကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးပိုင်းတွေမှာ ဆုံးရှုှုံးနစ်နာခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ Read More