မြန်မာအပေါ် ကန်အရေးယူဒဏ်ခတ်မှုစာရင်း ထပ်တိုး

အာဏာသိမ်းတနှစ်ပြည့် နှစ်ပတ်လည်မတိုင်မီမှာပဲ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စာရင်းထဲမှာ နောက်ထပ် ဒဏ်ခတ်အရေးယူမယ့်သူတွေကို တိုးလိုက်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်ကောင်စီကို ခိုင်ခိုင်မာမာ ရပ်တည်ဆန့်ကျင်နေကြပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်သွားဖို့ တောင်းဆိုနေကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရဲ့သတင်းထုတ်ပြန်ချက်မှာ အသိအမှတ်ပြု ပြောကြားထားပါတယ်။ ထပ်မံတိုး ပိတ်ဆို့ အရေးယူလိုက်တဲ့စာရင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ပါဝင်လာသလို တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦး တင်ဦးတို့ ပါဝင်ပါတယ်။ Read More

ကာ/လုံခေါ်ယူပြီး နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ သက်တမ်း ၆ လတိုး

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က တနှစ်ကြာ နိုင်ငံတဝှမ်းအရေးပေါ်အခြေအနေကြေညာခဲ့တဲ့အမိန့်ကို နောက်ထပ် ၆ လသက်တမ်းတိုးတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဖော်ပြပါတယ်။ အစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း တက်ရာက်ခဲ့ပါတယ်။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအရ မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အစည်းအဝေးအတွင်းမှာတော့ အာဏာမသိမ်းမီ NLD Read More

ကလေးမြို့ခံတစ်ဦး အဖမ်းခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်မှာနေထိုင်တဲ့ ကိုထန်မွန်းခွာလ် (Thang Muan Khul) ဆိုသူဟာ ဇန်နဝါရီ ၂၇ ရက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရ ပြီးနောက် သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အသက် (၁၉) နှစ်အရွယ် ကိုထန်မွန်းခွာလ် (Thang Muan Khual) ဟာ တာဟန်းရပ်ကွက် က စစ်ကောင်စီတပ်ရဲ့ဂိတ်မှာ အဖမ်းခံခဲ့ရတာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “ကျမတို့က ၂၈ ရက်နေ့က ရဲစခန်းသွားတာ၊ ရဲစခန်းမှာ မေးတော့ ဒကစရုံးကို သွား Read More

တမူး-ကလေး ကားလမ်း မသုံးကြဖို့ PDF သတိပေး

စစ်ကိုင်းတိုင်း တမူး-ကလေး အာရှ လမ်းမကြီးတလျှောက် တမူး ပြည်သူ့ ကာကွယ်ရေး တပ်ရင်း ၃ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် အဲဒီ လမ်းကို ပြည်သူတွေအနေနဲ့ အရေးပေါ်ကာလအတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ တမူးပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃ က ဒီနေ့ သတိပေးကြေညာလိုက်ပါတယ်။ တမူး-ကလေး အာရှလမ်းမကြီး ရန်လင်းဖိုင်နဲ့ ဝိတုတ်ရွာအကြား တမူးပြည်သူ့ကာ ကွယ်ရေး တပ်ရင်း ၃ နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား ဒီနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ Read More

မြန်မာလူသားချင်းစာနာမှု အကူအညီကိစ္စ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးမည်

မြန်မာနိုင်ငံကို လူသားစာနာမှု အကူအညီပေးရေးကိစ္စ ဆွေးနွေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေ နောက်လမှာ စည်းဝေးကြမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ပြောပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဒီလအတွင်းကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် ဝန်ကြီးတချို့က တက်ရောက်ဖို့ အခက်အခဲရှိတယ်လို့ ပြောခဲ့ကြတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းထားတာပါ။ အခုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Read More

ပုလဲမြို့နယ်ထဲက စစ်တပ် ထောက်ခံတဲ့ရွာထဲ PDF တွေ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေကို စစ်သင်တန်းပေး နေတဲ့ ဇီးဖြူကုန်းရွာကို ဇန်နဝါရီ ၂၈ ရက် မနေ့ညက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF ငါးဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးတာတွေ ရှိတယ်လို့ ပုလဲမြို့ ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ “ဇီးဖြူကုန်းမှာ စစ်သင်တန်းပေးနေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ရွာက ပျူ တစ်ဝက်၊ စစ်အာဏာရှင် ဆန့်ကျင်တဲ့သူ တစ်ဝက်ရှိတယ်။ အခုလို တိုက်တာကတော့ ပျူတွေ Read More

တမူးနဲ့ ကလေးမြို့မှာ အိုမီခရွန်ပိုးတွေ့သူ ၇၀ ဦးကျော်ရှိလို့ ထုတ်ပြန်

Covid 19 မျိုးရိုးဗီဇပြောင်းပိုးဖြစ်တဲ့ အိုမီခရွန် (Omicron) ရောဂါပိုးရှိသူ ၇၂ ယောက်ကို စစ်ကိုင်းတိုင်း တမူးနဲ့ ကလေးမြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။ တမူးမြို့ ရပ်ကွက် ၁၃ က အသက် ၆၀ အရွယ် အမျိုးသမီးတစ်ယောက် ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက် ဆုံးသွားတဲ့အတွက် အားလုံးစိတ်ပူနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ တမူးမြို့ခံ တစ်ယောက်က ပြောပါတယ်။ Read More

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စစ်ကောင်စီကြေညာ

အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhun ဟာ မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ် သွားရောက်ဖို့ ပြင်ဆင်နေပြီလို့ ကမ္ဘောဒီးယား အစိုးရက ဒီနေ့ ကြေညာလိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာတာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ် Prak Sokhun ကို မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်သူအားလုံးနဲ့ Read More

မြန်မာပြည်တွင်း စစ်ဖြစ်မလာရေး လုံခြုံရေးကောင်စီ အဓိကထားသင့်၊ ကုလ တရုတ်သံအမတ်ကြီး တိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ပိုများမလာအောင်နဲ့ ပြည်တွင်းစစ် ဖြစ်မလာရေးတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဓိကရည်မှန်းချက် ဖြစ်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သောကြာနေ့မှာ ပြောပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က လုပ်ခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်စည်းဝေးပွဲ ပြီးတဲ့နောက် တရုတ်သံအမတ်ကြီး Zhang Jun က သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ Read More

စစ်ကိုင်းမှ လူငယ်တစ်ဦးကို စစ်တပ်က လမ်းပေါ်တွင် ပစ်သတ်

စစ်ကိုင်း – မန္တလေးလမ်းတွင် ဆိုင်ကယ်မောင်းနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး ဆိုင်ကယ်၊ ဖုန်း၊ ငွေသားတို့ကို မိသားစု ပြန်မရဟု ဒေသခံတစ်ဦးက ဆိုသည်။  ဇန်နဝါရီ (၂၇) ညဦးပိုင်းတွင် စစ်ကောင်စီတပ်သားများက စစ်ကိုင်းမြို့မှ လူငယ်တစ်ဦးကို လမ်းပေါ်တွင် ပစ်သတ်လိုက်သည်ဟု ဒေသခံတို့ထံမှ သိရသည်။  အသက်(၂၀)ကျော်အရွယ် ကိုငြိမ်းချမ်းဝင်းသည် ယင်းနေ့က စစ်ကိုင်း – မန္တလေးလမ်း တစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။  “အလောင်းတော့ ပြန်ပေးတယ်။ ပုံတောင် ရိုက်ခွင့်မရဘူး။ ဘာပုံမှ တက်မလာဘူး။ Read More