အမေရိကန်နိုင်ငံခြားရေးအကြံပေး NUG ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet တို့ မနေ့က တစ်နာရီကြာဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ Derek Chollet က စစ်အာဏာသိမ်းမှုက ဖန်တီးလိုက်တဲ့ အကျပ်အတည်း အပေါ် တုံ့ပြန်ဆောင်ရွက်ရာမှာ NUG ရဲ့ ဦးဆောင်မှုကို လေးလေးနက်နက် အသိအမှတ် ပြုကြောင်း ပြောဆိုခဲ့သလို မြန်မာပြည်သူတွေကို အမေရိကန်အစိုးရရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန် ပြန်ရောက်ရေးအတွက် ထပ်မံကတိပြုတယ်လို့ ပြောဆိုခဲ့ကြောင်း Read More

စစ်အာဏာသိမ်း ရက်စွဲများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင်ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပါပြီ။  တစ်နှစ်တာကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ စစ်မီးတောက်လောင်လာနေသလို၊ တိုင်းပြည်ဟာလည်း ကျရှုံးနိုင်ငံ ဖြစ်လာနေပြီလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ရက်စွဲတွေကို RFA က မှတ်တမ်းတင်စုစည်းဖော်ပြလိုက်ပါတယ်။ ဖေဖော်ဝါရီ (၁)– ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဖမ်းဆီးပြီး တပ်မတော်က နိုင်ငံတော်အာဏာကို တစ်နှစ်သိမ်းယူလိုက်ကြောင်း  ကြေညာပါတယ်။ Read More

စစ်ကောင်စီအကြမ်းဖက်မှုရပ်အောင် ဖိအားတိုးပေးဖို့ လူ့အခွင့်အရေးမဟာမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် ဖိအား တိုးမြှင့်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လျစ်လျူမရှုဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က နိုင်ငံတကာအစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်တပ်ကိုလည်း ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေရပ်ပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လွှဲပေးဖို့ သူက ထပ်မံ တိုက်တွန်းပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့တာ တနှစ်ရှိလာချိန်မှာ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်တွေနဲ့ အသက်တွေ အများအပြား ပေးဆပ်ခဲ့ရပြီးဖြစ်ပြီး ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်နေကြရတုန်းပဲလို့ ပြောပါတယ်။ Read More

မြန်မာလူထုနဲ့ ဒီမိုကရေစီရေးကို အခိုင်အမာထောက်ခံကြောင်း အမေရိကန် ထပ်လောင်းအာမခံ

မြန်မာလူထုနဲ့ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် အလျင်အမြန် ပြန်လည်တည်ဆောက်ရေးတို့အပေါ် အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ကြာသပတေးနေ့မှာ ထပ်လောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ ကြာသပတေးနေ့က အွန်လိုင်းမှာ တွေ့ဆုံဆွေးနွေးချိန်အတွင်း မစ္စတာ Derek Chollet က အဲဒီလို ထပ်ပြီး အတည်ပြုပြောခဲ့တာပါ။ လွန်ခဲ့တဲ့တနှစ်နီးပါးက စစ်အာဏာသိမ်းမှုကြောင့် Read More

မြန်မာနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်မှု ပြန်ဖေါ်ဆောင်ဖို့ လူ့အခွင့်ရေးမဟာမင်းကြီးတိုက်တွန်း

မြန်မာစစ်တပ်က ပြည်သူတွေအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ တိုင်းပြည်မှာ အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ဖို့အတွက့် မြန်မာစစ်တပ်ကို နိုင်ငံတကာဖိအားတွေ ပိုပြီပေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။ VOA သတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီတပ်တွေက ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားကျယ်ပြန့်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တက်တက်ကြွကြွတုံ့ပြန်ဆောင်ရွက်ခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Michelle Bachelet က စိတ်ပျက်တုံလှုပ်မိတယ်လို့ Read More

မြန်မာနဲ့လုပ်ကိုင်မယ့် စီးပွါးရေးလုပ်ငန်းတွေ ကန်အကြံပြုချက်ကြောင့် အခက်ကြုံနိုင်

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အခက်အခဲ အကျပ်တည်းတွေ ကြုံလာရဖွယ် ရှိတယ်လို့ စီးပွားရေးပညာရှင်တချို့နဲ့ မြန်မာ့အရေး ကြိုးပမ်းသူတချို့က သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်တဲ့အခါ ကြုံတွေ့လာရမယ့် အန္တရာယ်နဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပြီးနောက် အဲဒီလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရာမှာ အထူးသဖြင့် စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် စစ်တပ်အသိုင်းအဝိုင်းနဲ့ ပေါင်းပြီး စီးပွားရေး လုပ်ကိုင်သူတွေအတွက် ကြုံတွေ့ရမယ့်အန္တရာယ် ပိုများလာနေကြောင်း Read More

မြန်မာစစ်ကောင်စီ ဝင်ငွေလမ်းပိတ်ပင်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ HRW တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီက ၁ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ ၁ နှစ်နီးပါးအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေအပေါ် အပြင်းအထန်ချေမှုန်း ဖိနှိပ်ခဲ့ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ ဝိုင်းဝန်းပိတ်ဆို့ အရေးယူဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက သောကြာနေ့ က တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့အုပ်ချုပ်ရေးအတွက် အထောက်အပံဖြစ်စေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုတွေကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် မြန်မာ့အရေးအားပေးကူညီလိုတဲ့နိုင်ငံတွေ စုပေါင်းပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ HRW က တိုက်တွန်းထားပါတယ်။ Read More

မြန်မာနိုင်ငံ ပြိုလဲတော့မယ့် အန္တရာယ်ရှိနေပြီ – ကုလလုံခြုံရေးကောင်စီ ဥက္ကဌ

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေဟာ ပြိုလဲတော့မယ့် အန္တရာယ်ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ အပစ်အခတ်ချက်ချင်းရပ်စဲပြီး စစ်ကောင်စီက ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံ သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သောကြာနေ့က နယူးရောက်ရုံးချုပ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးတခုကို ကျင်းပခဲ့တာဖြစ်ပါတယ်။အစည်းအဝေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှထုတ်ပြန်တာ မရှိသေးပေမယ့် အစည်းအဝေးမကျင်းပခင်မှာတော့ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့်ခါနီး အချိန်အခြေနေတွေ သိပ်ဆိုးနေပြီး နိုင်ငံပြိုလဲတော့မယ့်အနေထား ရောက်နေတာအတွက် အထူးစိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေးနိုင်ငံရဲ့သံအမတ်ကြီး Read More

ဂန့်ဂေါမြို့နယ်မှာ တစ်နှစ်အတွင်း အရပ်သား ၃၂ ဦးသေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာ သိမ်းပြီးချိန် ကနေ အခုနှစ် ဇန်နဝါရီလအထိ အချိန်တစ်နှစ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၃၂ ဦး ရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ ရက် မနေ့က ထုတ်ပြန် ပါတယ်။ အဲဒီအထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဟာ သေဆုံးသူ ၁၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့တဲ့လ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာ မြင်သားရွာအဝင်က အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့ Read More

စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အားစုတွေ အခက်အခဲတွေကြား ဆက်လက်လှုပ်ရှားမည်

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့ နှစ်ချီ ကြာနိုင်တယ်လို့ စစ်အာဏာရှင်အဆုံးသပ်ရေး ကြိုးစားနေကြတဲ့ သပိတ်ကော်မတီတွေက ပြောပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒေသအသီးသီးက အဖွဲ့အစည်းတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြားကပဲ ဆက်ပြီးစုစည်းထားနိုင်တဲ့အတွက် ရေရှည်ဆက်ပြီးကြိုးစားသွားမယ်လို့ ဇန်နဝါရီ ၂၇ ရက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူ့ညီလာခံမှာ ပြောကြားခဲ့ကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း ကတင်ပြပါမယ်။ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးကြတဲ့အခါမှာ မတူညီတဲ့ Read More